Thurein Wire Mesh Thurein Wire Mesh Thurein Wire Mesh

"  လုံခြုံမှုအတွက် အသေချာဆုံး .....

Thurein Wire Mesh

အမည်

-

သူရိန် သံဇကာ

လုပ်ငန်း

-

သံဆူးကြိုး၊ သံဇကာ၊ ချန်းလင့်

တည်ထောင်သူ

-

ဦးညွန့်မောင်

တည်ထောင်သည့် ခုနှစ်

-

၁၉၈၇

1987

သူရိန် သံဇကာ လုပ်ငန်းကို မန္တလေးမြို့တွင် လုပ်သားဦးရေ ၅ ဦးဖြင့် စတင် တည်ထောင် ခဲ့ပါသည်။

1991

လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ပြီး ပိုမိုကောင်းမွန်သော သံဇကာ စက်များကို တီထွင်နိင် ခဲ့ပါသည်။

1999

တစ်ရက်လျှင် သံဇကာ အချပ်ရေ ၅၀ ခန့် ထွက်သော စက်ကို ပြုလုပ်နိုင်ခဲ့ပြီး မန္တလေး မြို့တွင်းရှိ ကုန်မာဆိုင်များကို ဖြန့်ဖြူး ရောင်းချခဲ့ ပါသည်။

2005

မန္တလေးမြို့ မြောက်ဘက် မြို့ပတ်လမ်းရှိ ဧရိယာအကျယ် ၁၂၅ ဧကပေါ်တွင် စက်ရုံတစ်ခု တည်ဆောက်ကာ အသေးစားနှင့် အလတ်စား လုပ်ငန်း လိုင်စင်ဖြင့် ပြောင်းရွေ့ လုပ်ကိုင် ခဲ့ပါသည်။

2009

အဆောက်အဦးများ တိုးချဲ့ ဆောက်လုပ်ပြီး နိုင်ငံခြားမှ စက်များဝယ်ယူ တပ်ဆင် ခဲ့ပါသည်။

2011

ထုတ်ကုန်များတွင် “ The Sun Product “ အမှတ် တံဆိပ်ကို စတင် တပ်ဆင်ကာ ထုတ်လုပ် ရောင်းချခဲ့ ပါသည်။

2012

လုပ်ငန်းရှိ စက်အင်အား 80% ကို Fully Automatic စက်များဖြင့် အစားထိုး လဲလှယ် တပ်ဆင်ခဲ့ ပါသည်။ ထုတ်ကုန်အသစ် များလည်း ထုတ်လုပ်လာနိုင် ခဲ့ပါသည်။

2013

England အခြေစိုက် ACM Company အကူအညီဖြင့် မလေးရှား နိုင်ငံမှ စီးပွားရေး အတိုင်ပင်ခံများ ခေါ်ယူပြီး အရည်အသွေးမြင့် စီမံခန့်ခွဲမှု စနစ် ISO 90012008 ကိုပြောင်းလည်း ကျင့်သုံးခဲ့ ပါသည်။

2016

ပြောင်းလဲလာသော ခေတ်အခြေအနေအရ လုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံ့မှု ကော်မရှင်ရုံးတွင် Mandalay Thurein Co., Ltd အဖြစ် ပြောင်းလဲ မှတ်ပုံတင် လုပ်ကိုင်ခဲ့ ပါသည်။